28 C
Yangon

မောင်တောမြို့ရှိ စစ်တပ် လက်ကျန် စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူ အားလုံး ချက်ခြင်း ထွက်ခွာပေးရန် AA သတိပေး

Must read

မောင်တောမြို့ရှိ စစ်တပ် လက်ကျန် စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူ အားလုံး ချက်ခြင်း ထွက်ခွာပေးရန် AA သတိပေး

ရန်ကုန်၊ ဇွန် ၁၆

ရခိုက်ပြည်နယ်၊ မောင်တောမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူ အားလုံး ချက်ခြင်း ထွက်ခွာပေးရန် ရခိုင်တပ်တော် AA က သတိပေး ထုတ်ပြန်လိုက်သည်။

လက်ရှိချိန်တွင် မောင်တောမြိုနယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းများ အားလုံးနီးပါးကို ရခိုင်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်းပိုက်ထားပြီး မောင်တောမြိုနှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန်စခန်းများအားလုံးကိုလည်း ရခိုင်တပ်တော်က ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားကြောင်း သိရသည်။

အဆိုပါ လက်ကျန်စခန်းများ အားလုံးကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တောမြို့နေ ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့နေ ပြည်သူများ အနေဖြင့် ယနေ့ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်း ထွက်ခွာကြရန် ရခိုင်တပ်တော်က အသိပေး ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် မောင်တောမြို့ကို ၎င်းတို့၏ စစ်စခန်းများ သဖွယ် အသုံးပြုပြီး မြိုပြ စစ်ဆင်ရေး ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလ အတန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တော မြိုသူမြိုသားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ကြောင်း ရခိုင်တပ်တော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article