26 C
Yangon

မန္တလေးမြို့၊ Royal Star စားသောက်ဆိုင်ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန် ခြိမ်း ခြောက်ခဲ့သော စစ်တပ်အရာရှိ ဗိုလ်ကြီး အောင်ပြည့်ဖြိုး၏ ယောက္ခထီး ဝင်းမြိုင်နှင့် ပျူစောထီး ကျော်ဇေယျာတို့ကို စစ်တပ်က ပြန်ဖမ်း

Must read

မန္တလေးမြို့၊ Royal Star စားသောက်ဆိုင်ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန် ခြိမ်း ခြောက်ခဲ့သော စစ်တပ်အရာရှိ ဗိုလ်ကြီး အောင်ပြည့်ဖြိုး၏ ယောက္ခထီး ဝင်းမြိုင်နှင့် ပျူစောထီး ကျော်ဇေယျာတို့ကို စစ်တပ်က ပြန်ဖမ်း

ရန်ကုန်၊ ဇွန် ၁၇

မန္တလေးမြို့ပေါ်၊ Royal Star စားသောက်ဆိုင်ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန် ခြမ်းခြောက်ခဲ့သော စစ်တပ်အရာရှိ ဗိုလ်ကြီး အောင်ပြည့်ဖြိုး၏ ယောက္ခထီး ဝင်းမြိုင်နှင့် ပျူစောထီး ကျော်ဇေယျာတို့ကို စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၂ ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်တွင် ဆိုင်ဝန်ထမ်းများကို ရန်ရှာပြီး လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန် လူ ၂ ဦးက ခြိမ်း ခြောက် ခဲ့ကြောင်း၊ ထိုသို့ ခြိမ်းခြောက်ခဲ့သူ ၂ ဦးမှာ စစ်တပ်အရာရှိ ဗိုလ်ကြီးအောင်ပြည့်ဖြိုး၏ ယောက္ခထီး ဝင်းမြိုင်(မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ဒ-၉/၁၀၆ လိပ်စာ ) နှင့် ပျူစောထီး ကျော်ဇေယျတို့ဖြစ်ကြောင်း၊ အဆိုပါ ၂ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဝင်းမြိုင်ဆိုတာက ဗိုလ်ကြီး အောင်ပြည့်ဖြိုးရဲ့ ယောက္ခထီး။ ဝင်းမြိုင်ရဲ့ သမီး မသီရိသက်ဝေဦးကို ဗိုလ်ကြီးအောင်ပြည့်ဖြိုးက ယူထားတာ။ ဝင်းမြိုင်က အိမ်ခြံမြေပွဲစားလိုလို လူလိမ် လူကောက်။ သားမက် ဗိုလ်ကြီး အားကိုးနဲ့ ပြည်သူတွေအပေါ်မိုက်ကြေးခွဲနေတာကြာပါပြီ။ သားမက်အားကိုးနဲ့ ဓားပြတိုက်မှုတွေ လုပ်နေတဲ့သဘောပေါ့။ ငါ့သမက်က စစ်ဗိုလ်ကွ ဆိုပြီး ရပ်ကွက်ထဲမှာ ဟိုလိမ် ဒီလိမ် အုပ်ကြီးနဲ့ပေါင်းပြီး ဒလန်လုပ်နေတာ။ အခု ဖမ်းဆီး ခံရတာက ဘီယာဆိုင်မှာ လက်ပစ်ဗုံးနဲ့ ခွဲလိုက်ရမလားဆိုပြီး သွားခြိမ်းခြောက်တာ။ အခုလည်း သူ့သားမက် ဗိုလ်ကြီး အားကိုးနဲ့ ပြန်လွတ်အောင် လုပ်နေတယ်” ဟု မန္တလေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်ကြီး အောင်ပြည့်ဖြိုး၏ ယောက္ခထီး ဝင်းမြိုင်ကို လက်ပစ်ဗုံး ၁ လုံး၊ ဓား ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရရှိပြီး ၎င်းနှင့်အတူ ဖမ်းဆီးခံရသော ကျော်ဇေယျာမှာလည်း ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ၊ အောင်မြေ မန္တလာ Non-CDM ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ပျူစောထီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မန္တလေးမြို့ပေါ်တွင် လုယက်မှုများ၊ ရွှေဆိုင် ဓားပြတိုက်မှုများ၊ ဆိုင်ကယ်လု ယက်မှုများ အပါအဝင် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အဆိုပါ ရာဇဝတ်မှုများကို ကျူးလွန်သူများမှာ စစ်တပ်နှင့်ပတ်သက် ဆက်နွယ်နေသော သူများ ပါဝင်နေသည်ကို ဖမ်းဆီးခံရသူများ၏ နောက်ကြောင်းရာဇဝင်ကို ကြည့် လျှင် သိနိုင်ကြောင်း မန္တလေးမြို့မှ ပြည်သူများက ဆိုကြသည်။

စစ်ကောင်စီကမူ မန္တလေးမြို့တွင် လုယက်ခြိမ်းခြောက် ကျူးလွန်မှုများ လုပ် ဆောင်နေသော တရားခံ ၁၁ ဦးကို ဖမ်းဆီးရရှိကြောင်း ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article