28 C
Yangon

ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ သာယာဝတီခရိုင်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်း ထိုးတတ်လာသည့် အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ၄ ရက် ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ ၁၀ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ တပ်ခွဲ-1 YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင်အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး တဲ ၃၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (3801) တပ်ခွဲ-5 ကြို့ပင်ကောက် (HERO) ပြောက်ကျား ၊ တပ်ခွဲ-1 YOMA (GBK) PDF ၊ တပ်ခွဲ-2 (Phoenix DF) ၊ တပ်ခွဲ-4 (BRA) ၊ သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ-4 မြေအောက်ပြောက်ကျား (အုတ်ဖို) ၊ နတ်တလင်းမြို့ (ပကဖ) ဧရာညီနောင်စစ်ကြောင်းနှင့် ပဲခူးခရိုင်တပ်ရင်း (3701) တပ်ခွဲ-2 BTZM (GBK) PDF ရိုးမညီနောင် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ညီနောင်မဟာမိတ် တပ်ပေါင်းစုက အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ ထောက်တိုင် ပျူစောထီး များကို ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article