ဆားလင်းကြီးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြို လူထုလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဇွန် ၁၇
ဆားလင်းကြီးမြို့နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြို လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ “ ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ ” စာသားကိုင်ဆောင်ကာ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ဇွန်လ ၁၇ နေ့တွင် ထွက်ရှိခဲ့ကြကြောင်း သိရှိရသည်။