32 C
Yangon

မုံရွာမြို့နယ်၊ လယ်ဇင်ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား

Must read

မုံရွာမြို့နယ်၊ လယ်ဇင်ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ လယ်ဇင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာ အတွင်းရှိ နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာနေ ပြည်သူ ၆ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းက ရွာထောင်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ဝင်ရှို့တာ နေအိမ် ၃ လုံးပေါင်း မီးလောင် ပျက်စီးသွားတယ်။ ပြည်သူ ၆ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ စီးနင်းပြီး မီးရှို့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article