32 C
Yangon

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှု မန္တလေးသံဃ သမဂ္ဂက ရှုတ်ချပြီး ဆရာတော်၏ တပည့် စာသင်သားဟောင်းများက ရဟန်းနှင့် ပြည်သူ လက်တွဲ၍ စစ်တပ်ကို ဟန့်တားရေး နှိုးဆော်

Must read

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှု မန္တလေးသံဃ သမဂ္ဂက ရှုတ်ချပြီး ဆရာတော်၏ တပည့် စာသင်သားဟောင်းများက ရဟန်းနှင့် ပြည်သူ လက်တွဲ၍ စစ်တပ်ကို ဟန့်တားရေး နှိုးဆော်

ရန်ကုန်၊ ဇွန် ၂၂

နိုင်ငံတော် သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အာဏသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ မန္တလေးသံဃသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။

ဆရာတော် စီးနင်းလိုက်ပါလာတဲ့ ကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ အကြမ်း ဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ဆရာတော်ဘုရားကြီး အခင်းဖြစ်ရာ နေရာမှာတင် ပျံလွန်တော်မူခဲ့ရခြင်းအပေါ် လွန်စွာ ဝမ်းနည်းကြေ ကွဲရတယ်လို့ ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာဟာ ဗုဒ္ဓသာသနာတော်နဲ့ နိုင်ငံ တော်အတွက် လွန်စွာ ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေခဲ့တယ်လို့ မန္တလေး သံဃသမဂ္ဂက ဆိုပါတယ်။

အခုလို ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တစ်ပါးကို ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုဟာ လွန်စွာ ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး သတင်းလိမ်လည်ထုတ်ပြန်တာဟာလည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေက စစ်အာဏာရှင်ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ ကျဆင်း လာတဲ့ သာသနာတော်ကို ပြန်လည် တည့်မတ်စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေအပေါ် မေတ္တာရှေ့ထားပြီး ဆောင် ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နဲ့အညီ ဆောင်ရွက်ကြဖို့ အချိန်ကျရောက်လာပြီလို့ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ရဟန်းနဲ့ ပြည်သူ လက်တွဲပြီး ဆရာတော်ဘုရားကြီးနဲ့ တကွ နိုင်ငံအနှံ့ရှိ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်နေတာတွေကို အဆုံးသတ်နိုင်ရေး အတူ လက်တွဲ ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article