28 C
Yangon

ပခုက္ကူမြို့နယ်၊ ကြက်ရှာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး သေဆုံး

Must read

ပခုက္ကူမြို့နယ်၊ ကြက်ရှာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကြက်ရှာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၂ နှစ်နှင့် ၃ လ အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့တွင် မြစ်ခြေမြို့၊ သရက်တောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ကြာက်ရှာရွာထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂ နှစ်နှင့် ၃ လ အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကြက်ရှာကျေးရွာကို စစ်ခွေး ပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် ၂ နှစ်နဲ့ ၃ လ အရွယ် ကလေးငယ်လေး သေဆုံးခဲ့တယ်။ သူ့အမေက လက်ထဲမှာ ချီထားတုန်း မိုင်းစက လာထိတာ မိခင်ကတော့ ဘာမှ မဖြစ်ဘူး။ ကလေးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။

မြစ်ခြေမြို့၊ သရက်တောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကို ဇွန်လ ၂၂ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article