28 C
Yangon

မြင်းခြံမြို့နယ်တွင် စက္ခမကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ၊ စစ်လော်ဘီများက PDF က ပစ်ခတ်သည်ဟု လိမ်လည်ပြန်

Must read

မြင်းခြံမြို့နယ်တွင် စက္ခမကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူ၊ စစ်လော်ဘီများက PDF က ပစ်ခတ်သည်ဟု လိမ်လည်ပြန်

ရန်ကုန်၊ ဇွန် ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စက္ခမကျောင်းဆရာတော်ကို စစ်တပ်က ပစ်ခတ်သဖြင့် ပျံလွန်တော်မူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မြင်းခြံမြို့နယ် ၊မြို့ပတ်လမ်း၊မောင်ရင်မောင်နှင့်စခမ အကြားတွင် ကင်းပုန်းဝပ်နေသည့်စစ်တပ်က စက္ခမကျောင်းဆရာတော်လိုက်ပါသော လူမှုကူညီရေးအသင်းကားကို ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း၊ ဆရာတော်က ကျေးရွာမှ အရေးကြီးလူနာကို မြင်းခြံမြို့သို့ လာရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာမှာရှိတဲ့ လူနာက အရေးကြီးနေတော့ ဘုန်းဘုန်းက သူကိုယ်တိုင်လိုက်ပို့တာ။ မြင်းခြံ မြို့အထွက် ဂိတ် လေး မှာတင် အပစ်ခံလိုက်ရတယ်။ ကားမှာလည်း လူမှု ကူညီရေးအသင်း တံဆိပ်လည်းပါပါတယ်။ ဆရာတော်ကိုယ်တိုင် ရှေ့ခန်းမှာ ထိုင်ပြီးကို လိုက်ပို့တာပါ။ အချိန်ကလည်း ည ၉နာရီခွဲလောက်ပဲ ရှိသေးတယ်။ ဘုန်းဘုန်းက ရွာမှာ အရေးကြီးလူနာရှိရင် ဒကာတွေ အန္တရာယ် ဖြစ်မှာ စိုးရိမ်လို့ သူကိုယ်တိုင် အမြဲလိုက်ပို့ပေးလေ့ရှိပါတယ်။ အခုတော့ စစ်တပ်က ဆရာတော်ပျံလွန်တော်မူသွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီထောက်ခံသော လော်ဘီ Myanmar National Post တယ်လီဂရမ်ကမူ PDF ကပစ်ခတ်၍ စက္ခမကျောင်းဆရာတော် ပျံလွန်တော်မူကြောင်း ဆရာတော် ပျံလွန်တော်မူသောဓာတ်ပုံနှင့်တကွ လိမ်လည် သတင်းရေးသားဖော်ပြလာကြောင်း ဒေသပြည်သူများက ရှင်းလင်းပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်လော်ဘီများသည် ဇွန်လ ၁၉ ရက်နေ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ချိန်ကလည်း PDF က ပစ်ခတ်သည်ဟု လိမ်လည် သတင်းဖော်ပြခဲ့ကြသော်လည်း မျက်မြင် သက်သေ ကန်သုံးဆင့်ဆရာတော်က စစ်တပ်က ပစ်ခတ်ကြောင်း ထုတ်ပြန်ပြောဆိုပြီးနောက် ဖြစ်စဉ်အမှန် ပေါ်ပေါက်ခဲ့သည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံသော Myanmar National Post က စက္ခမ ဆရာ တော်ကို PDF က ပစ်ခတ်သည်ဟု လိမ်လည် သတင်းထုတ်ပြန်ထားသော ဓာတ်ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article