ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု သည်းခံစရာ အကြောင်းမရှိဟု မြောင်မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမများက သီတဂူနှင့်စစ်ကောင်စီကို ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၂၄
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု သည်းခံစရာ အကြောင်းမရှိဟု မြောင်မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမများက သီတဂူနှင့်စစ်ကောင်စီကို ဆန္ဒပြကြကြောင်း သိရှိရသည်။
သီတဂူက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် သည်းခံကြရန်၊ ခွင့်လွှတ်ကြရန်နှင့် မေ့ပစ်ကြရန် ပြောကြားခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူများ စိတ်ဆိုးဒေါသထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
သီတဂူနှင့် စစ်ကောင်စီကို ဆန္ဒပြကြသူများမှာ မြောင်မြို့နယ် ပညာရေး ကျောင်းပေါင်း ၃၀မှ ပ/ဒုတာဝန်ခံ ဆရာ ဆရာမများ ဖြစ်ကြပြီး အသတ်ခံလိုက်ရသည့်ဆရာတော်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရှိရသည်။


