29 C
Yangon

ချောင်းဦးမြို့နယ်တွင် ကြေးနီတင်လာသည့် တွဲကား ၁၉ စီးကို ကြားဖြတ် တိုက်ခိုက်၊ ဆားလင်းကြီးတွင် စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ချောင်းဦးမြို့နယ်တွင် ကြေးနီတင်လာသည့် တွဲကား ၁၉ စီးကို ကြားဖြတ် တိုက်ခိုက်၊ ဆားလင်းကြီးတွင် စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကြေးနီတင်လာသည့် တွဲကား ၁၉ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ဝမ်ပေါင်မှ ထွက်လာသော ကြေးနီတင်တွဲကား ၁၉ စီးပါ ယာဥ်တန်းမှ တွဲကား ၄ စီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစား အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုတော့ အတည်မပြုနိုင်သေးဘူး။ ကြေးနီတင်တွဲကား ၄ စီးကို လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာ-အစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဆင်ဖြူရှင် တံတားမှ ထွက်လာသည့် ဖလက် ၁ စီးနှင့် စစ်သင်္ဘော ၂ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Dynamite မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ဆင်ဖြူရှင်တံတားတွင် ညအိပ်ခဲ့သော အကြမ်းဖက် စစ်တပ်၏ ဖလက် ၁ စီးနှင့် စစ်သင်္ဘော ၂ စီးကို ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော ရေယာဉ် အုပ်စုကို ဆားလင်းကြီးမြို့နယ် တစ်နေရာအရောက်တွင် ရှေ့ထွက် ပြောင်းတိုက်၊ လက်နက်ငယ်များဖြင့် ပူးပေါင်း၍ ၂ နေရာခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ၆၀ မမ၊ ပွိုင့်ဖိုက်၊ စက်လက်၊ ဂန်းငယ်များ၊ ၄၀ မမ များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ် ဘက်ကနေ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ ကျည်တစ်တောင့်ဖိုးဖြစ်စေ လက်နက်ခဲယမ်းပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ပါဝင်ကူညီ ဖြည့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Chindwin Dynamite မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် (Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ Fighter Nine Forces(Salingyi)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article