27 C
Yangon

အင်းတော်၊ နန့်သာရွာ စစ်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး အရှင်ဖမ်းမိသူများလည်းရှိ

Must read

အင်းတော်၊ နန့်သာရွာ စစ်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး အရှင်ဖမ်းမိသူများလည်းရှိ

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် အင်းတော်-ဗန်မောက်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသော နန့်သာရွာ စကစ စခန်းကို ယနေ့ ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိကာ အရှင်ဖမ်းမိသူများလည်းရှိကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နန့်သာရွာ စစ်တပ် စခန်းသိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင် စီ က ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံး ၂လုံး ကျဲ ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားခဲ့ကာ ၃၀ ကျော်အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

နန့်သာရွာစစ်ကောင်စီစခန်းကို ဇွန်လ ၂၂ရက်နေ့မှ စတင်ကာ KIA PDF ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်၂၂ရက် ည ၁၂ နာရီတွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နံ့သာရွာ ဘုန်းကြီးကျောင်းတွင် စကစ တပ်ဖွဲ့ဝင်များ ဓားစာခံဖမ်းဆီးထားသော ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး တပတ်အကြာ တိုက်ခိုက်ပြီးမှ နံ့သာစကစ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စခန် သိမ်းတိုက်ပွဲအတွင်း အင်းတော်နှင့် နဘား စစ်ကောင်စီစခန်းက လက်နက် ကြီး တောက်လျောက်ပစ်ကူခဲ့ကာ နန့်သာရွာဘက် စစ်ကူလာသော စစ်ကြောင်းနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၇ မနက်ပိုင်းက လည်း နဘားလမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင် စီ ဂိတ်ကို KIA PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်မှလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကာ ၂ဖက် တိုက်ပွဲပြင်းထန် ခဲ့ ကြောင်းသိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ကာ KIA တပ်ဖွဲ့ဝင်၂ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်း-ကချင်နယ်စပ်ရှိ မော်လူးမြို့ကို KIA PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကာ ကသာ ထီးချိုင့် နဘား အင်းတော် ဗန်းမောက် ပင်လည်ဘူး ကောလင်း စသည့် မြို့များတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article