26 C
Yangon

နောင်ချို၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

နောင်ချို၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

■ မိုးမိတ်၊ လွယ်ဝိန်းတောင်ရှိ စကခ ၂၁ ၊ ခလရ ၂၂၃ ၊ ခလရ ၃၄၈ တပ်စခန်းနှင့် နောင်ချို ခမရ ၆၀၆ စခန်းတို့ကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၂၉

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယ‌နေ့ ဇွန်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၆၀၆) စခန်းကို နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ နံနက် ၇ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၄၆ တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား အလောင်း ၁၀ လောင်း နှင့် လက်နက်ခဲယမ်း မျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

မိုးမိတ်မြိုနယ် ရွှေဆာလီကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့် တွင် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နယ်၊ လွယ်ဝိန်းတောင်ရှိ စကခ (၂၁) ၊ ခလရ (၂၂၃) တပ်စခန်းတွင် ယနေ့ နံနက် ၅ နာရီခန့်တွင် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ် တို့ တိုက်ပွားဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရှိ အကြမ်းဖက် စစ်တပ်ကောင်စီ၏ စစ်ကောင်စီတပ် စကခ(၂၁)၊ ခမရ (၃၄၈)တပ်စခန်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ အင်ဂျင်းတောင်ရပ်ကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံးဖြင့် တစ်ကြိမ်၊ ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ် တော့ဆန်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကျဲချခဲ့ပြီး ရပ်ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article