25 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ် ဖောကား ၁ စီးကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

မင်းတုန်းမြို့နယ်တွင် စစ်တပ် ဖောကား ၁ စီးကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီးတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာ သည့် ဖောကားတစ်စီးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်းတုန်းမြို့မှ အကြမ်းဖက်စစ်သား၊ ရဲ ၂၅ ဦးခန့် လိုက်ပါလာသည့် ဖောကား အပြာရောင်တစ်စီးကို မင်းတုန်းမြို့အထွက် မယ်ဇလီကျေးရွာအနီးတွင် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ဗိုလ်တစ်ဦး၊ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို သရက်မြို့နယ် ဆေးရုံနှင့် ကံမမြို့နယ်၊ကြို့ပင်ဆေးရုံတို့၌ တင်ပို့ကုသထားကြောင်း သိရသည်။

“မင်းတုန်း ၅ မိုင်စစ်ဆေးရေးဂိတ်ကနေထွက်လာတဲ့ဖောကားအပြာရောင်ကို တိုက်ခိုက်ခဲ့တာ၊ သူတို့ ကမယ်ဇလီဘက်ကို သွားတာ၊ မယ်ဇလီရွာဆိုတာ ပုသိမ် -မုံရွာလမ်းပိုင်းပေါ်မှာရှိတယ်၊ အဲဒီကို သွား တာ၊ ကျနော်တို့က မယ်ဇလီရွာနားမရောက်ဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲဖြစ်ပြီးတော့ မယ်ဇလီရွာကို ရောက်သွားတယ်၊ စစ်ဆင်ရေးမှာလည်း ကျနော်တို့လိုချင်သလောက်မဖြစ်ခဲ့ဘူး။ ပုသိမ် -မုံရွာလမ်း ပိုင်းပေါ်မှာဆိုတော့ ကျနော်တို့လည်း အခြေအနေအရ ပြန်ဆုတ်ခဲ့ရတာအနေအထားဖြစ်သွားတာ။ မယ်ဇလီရွာမှာ စခတွေအမြဲတမ်းမရှိဘူး၊ အဲဒီရွာအကျော် ဝမ်းတွင်းမှာတော့ ဂိတ်ရှိတယ်၊ အဲဒီဂိတ် မှာတော့ အမြဲတမ်းရှိတာပေါ့။ ရဲနှစ်ယောက်နဲ့ စခ တစ်ယောက်သေတယ်လို့ သိရတယ်” ဟု သရက် ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် -၁ စစ်ဒေသ မကွေးတိုင်း၊ သရက် ခရိုင်အမှတ်-၄ တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် – SAF တို့ ပူးပေါင်းစစ်ကြောင်းမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်း စစ်ကြောင်း ထံမှ သိရသည်။

ဇွန်လ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် KNU တပ်မဟာ ၃ ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်း ထိုးရန်လာသည့် စစ်ကောင်စီ၏ တပ်စွဲထားရာ ကင်းစခန်းတစ်ခုကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ အရာ ရှိတစ်ဦးနှင့် အခြားအဆင့် ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း ၇ ကောင် စစ်ကြောင်း၏ Drone တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော် လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article