27 C
Yangon

စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်

Must read

စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်

ရန်ကုန်၊ ဇွန် ၂၉

အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်ကြောင်း TNLA က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြိုနယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ ၂၅ရက်နေ့မှ စတင်ခဲ့ပြီး ဇွန်လ ၂၉ရက်နေ့အထိ စစ်ဆင်ရေး ​၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲဝင် ၅၃ ဦးလက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ဗိုလ်ကြီး ၄ ဦး၊ ရဲအုပ် ၁ ဦး၊ တပ်ကြပ်ကြီး ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ဦး၊ တပ်ကြပ် ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦးနှင့် စစ်သား ၁၉ ဦး ၊တပ်ဖွဲဝင် ၅၃ ဦးတို့က TNLA ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင်လည်း နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article