26 C
Yangon

စဉ့်ကူးမြို့နယ်ရှိ စစ်တပ်၏ လက်နက်ကြီး အထိုင်ချ စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

စဉ့်ကူးမြို့နယ်ရှိ စစ်တပ်၏ လက်နက်ကြီး အထိုင်ချ စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး အထိုင်ချစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ ဒရုန်းအဖွဲ့က ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျောက်အိုးတံတား တောင်ဘက် ဂေါက်ကွင်း အနီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး အထိုင်ချ စခန်းနှင့် ဇွန်လ ၂၇ ရက်နေ့တွင် ပင်လယ်ကြီးသစ်တောကွင်း အတွင်းရှိ ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် ၁၂၂ မမ၊ ၁၂၀ မမ၊ ၈၁ မမ များ အထိုင်ချထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး ကျဲချ နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ပကဖ ဒရုန်းအဖွဲ့နှင့် အတူ သပိတ်ကျင်းမြို့နယ် ဒရုန်း အဖွဲ့၊ စဉ့်ကူးမြို့နယ် ဒရုန်း အဖွဲ့ နှင့် မတ္တရာ မြို့နယ် ဒရုန်းအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article