31 C
Yangon

မိုးကုတ်ရှိ စစ်တပ်၏ ရွှေမျက်ဝန်း စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် မိုးကုတ်၊ နောင်ချိုနှင့် မိုးမိတ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

မိုးကုတ်ရှိ စစ်တပ်၏ ရွှေမျက်ဝန်း စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် မိုးကုတ်၊ နောင်ချိုနှင့် မိုးမိတ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ မိုးကုတ်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေမျက်ဝန်း စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် မိုးကုတ်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA ကပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မိုးကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော် TNLA က စတင် တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရွှေလိပ်ပြာစခန်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်ရှိ ရွှေသာယာ၌ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ မမ လက်နက်ကြီး ၁၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA ၊ PDF (မိုးကုတ်ဗျူဟာ)၊ MOD-PDF (513) နှင့် မိုးကုတ် ပကဖ ပူးပေါင်းတပ်များက အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLA၊ PLA ၊ MOD-PDF ပူးပေါင်းတပ်များက ည ၇ နာရီ ၅၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကင်းချောင်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၆ တပ်စခန်းကို တအာင်းတပ်မတော် TNLA ၊ DPLA ၊ MDY-PDF တို့က ယနေ့ ညနေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ကလည်း နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၆၀၆ တပ်စခန်းတွင် ည ၁၀ နာရီ ၂၅ မိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီတပ်က MI-25 ဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article