27 C
Yangon

ကျောက်မဲတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ

Must read

ကျောက်မဲတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဇူလိုင် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို ဗုံးကျဲချသဖြင့် ပင်လုံလမ်း‌ One luck Hotel ပျက်စီးသွားပြီး လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားကြောင်း၊ စစ်ကောင်စီက ကျောက်မဲမြို့ထဲသို့ လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက် ကျဲချခဲ့ကြောင်း သိရှိရသည်။

“ကျောက်မဲမှာ မနေ့ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မအလတပ်က လေယာဉ်နဲ့ ဗုံးကျဲလို့ ပင်လုံလမ်း‌က One luck Hotel ပျက်စီးသွားတယ်။ မြို့ထဲမှာလည်း ဗုံးတွေကျရောက်ပေါက်ကွဲလို့ ပြည်သူတွေ ထိခိုက်မှုတွေရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ကျောက်မဲတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို TNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article