28 C
Yangon

မုံရွာရှိ စစ်တပ်အထိုင်စခန်းများနှင့်ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

မုံရွာရှိ စစ်တပ်အထိုင်စခန်းများနှင့်ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်းရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန် ရေးအဖွဲ့များက ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း People’s​ Knight Defense Force Myinmu မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်း – မြင်းမူ – မုံရွာ ကားလမ်းဘေးတွင် ကြေးနီများ သယ်ဆောင်ရန် လုံခြုံရေး အတွက် မြင်းမူ မြို့နှင့် အလ္လကပ္ပကျေးရွာကြား ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချနေထိုင်နေသော စစ်တပ်ကို Fixed Wing Drone ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို People’s Knight Defense Force Myinmu (PKDF-MMU) ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ် အချိန်တွင် မြင်းမူ အထက ၁ မှထွက်လာသော စစ်တပ်က မုံရွာမှ ထွက်လာသော ကြေးနီသယ် ဆောင် လာသည့်ကားများ ကို လုံခြုံရေးအဖြစ် ယူပေးနေစဥ် Fixed Wing Drone ၂ စီး ဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအပြီး ၁၅ မိနစ် အကြာတွင် မြင်းမူ အထက ၁ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ အချိန် မုံရွာခရိုင်၊အရာတော်မြို့နယ် ၊ သလဲဘာ ပျူစောထီးရွာကို Fixed Wings Drone ၄စီးဖြင့် ဗုံး ၅လုံးချ ကျဲချတိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးများ အများအပြား ထိခိုက်သေဆုံးနိုင်သော်လည်း အရေအတွက်မသိရှိရသေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ မုံရွာခရိုင် အမှတ် (၂၁)တပ်ရင်း ၊ MMU PDF ၊စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင်လည်း စစ်ကိုင်း – မြင်းမူ – မုံရွာ ကားလမ်း တွင် ကြေးနီသယ်ဆောင်သည့်ကားများ၏ လုံခြုံရေး အတွက် မြင်းမူ မြို့နှင့် အလ္လကပ္ပကျေးရွာအကြား ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချထားသော စစ်တပ်ကို Fixed Wing Drone ၃ စီး ဖြင့် ဗုံးကျဲချတိုက် ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးနိုင်သော်လည်း အရေအတွက်မသိရှိရသေးကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများက လက်နက်ကြီးဖြင့် ရမ်း၍ ပစ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူNgaZun People’s Defense Force(ငါန်းဇွန်မြို့နယ်ပကဖ) အပါအဝင် မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article