27 C
Yangon

မြစ်သား၊ ဝမ်းတွင်းနှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

မြစ်သား၊ ဝမ်းတွင်းနှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။

ဇူလိုက်လ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြစ်သားမြို့နယ် ရစ်ကန်ရွာ ရဲစခန်း နှင့် တာဝါတိုင်စောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနှင့် ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ် ရွှေတောင် ကျေးရွာ ရွှေတောင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက် ဂါဝီပန်းခြံအနီးရှိအကြမ်းဖက် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်က ရေဦးမြို့ အနောက်ဘက် အထွက် ဂါဝီပန်း ခြံအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဘန်ကာများဆောက်လုပ်နေကြောင်း သတင်း အရ ရွေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ Fixed-Wing Drone များဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article