31 C
Yangon

KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

Must read

KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

■ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများပျက်စီး

ရန်ကုန်၊ ဇူလိုင် ၄

ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU-မူတြော်ကပြောသည်။

ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ တစ်လတာအတွင်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက် မှ ၆၀ ဦး သေဆုံးသွားကာ ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊

နှစ်ဖက် တိုက်ပွဲဖြစ်ပွားစဥ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် လယ်ယာ၊ တောင်ယာ၊ ဥယဥ်ခြံမြေများကို ဂျက်လေယာဥ်ဖြင့် ဗုံး ၅၈၈ လုံးကျဲချခဲ့ပြီး ဒရုန်းဖြင့် ဗုံး ၇၂ ကျဲချခဲ့ခြင်းကြောင့် နေအိမ် ၄ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article