27 C
Yangon

မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ဝက်ပုတ်ရွာမှ ပျူစောထီးများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ဝက်ပုတ်ရွာမှ ပျူစောထီးများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ဝက်ပုတ်ရွာမှ ပျူစောထီးများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် မြိုင်မြို့နယ် ဖလန်ကိုင်း ရေနံမြေ အတွင်း တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်သားအလောင်း အရိုးစုနှင့် သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူရွာမှ ပျူစောထီးများသည် ရွာပြင်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် နင်းမိုင်းကြောင့် ပျူစောထီး ၁ ဦး ခြေပြတ်သွားပြီး ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရင်းနဲ့ စစ်ခွေး အရိုးစုနဲ့ သေနတ် ၁ လက်ကို သိမ်းဆည်းရမိခဲ့တဲ့ ဒဏ်ရာရတာကို စစ်ခွေးတွေက မခေါ်သွားဘဲ အသက်လုပြေးရတော့ ထားခဲ့တာ ဦးထုတ်နဲ့ ကျည်တွေ သိမ်းဆည်းရမိတယ်။ ဝက်ပုတ်ရွာက ပျူခွေးတော့ကတော့ မိုင်းနင်းမိပြီး သေတာ ခြေပြတ်သွားတဲ့ ကောင်သေပြီ” ဟု ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ နှင့်အတူ ဘာမထီရင်း ၆ ရင်း ၇ တပ်ပေါင်းစု တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article