26 C
Yangon

ဆင်ပေါင်ဝဲနှင့်ချောက်မြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အပေါင်းအပါ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဆင်ပေါင်ဝဲနှင့်ချောက်မြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အပေါင်းအပါ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ၂ ဦးနှင့် အပေါင်းအပါ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇူလိုင်လ ၃ ရက်နေ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ကျေးရွာအုပ်စု၊ မှန်ကင်းကျေးရွာတွင် စစ်တပ်အတွက် စစ်သားစုဆောင်းနေသော အုပ်ချုပ်ရေးမှူး မောင်ခနှင့် အပေါင်းအပါအကြံပေးစောလွင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရချိန် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီအတွက် တပ်သားသစ်များ စုဆောင်းရေးအတွက် အဓိက ဦးဆောင် လုပ်ကိုင်ခဲ့သူများဖြစ် ကြောင်း၊ အများပြည်သူများကိုလည်း ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး အနိုင်ကျင့် ဖိနှိပ်မှုများ လုပ်ဆောင် သူများဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်ငွေသည် နေအိမ်တွင် ရှိနေစဉ် သေနတ်သမားတချို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး တင်ငွေက ဩဇာကျေးရွာတွင် တပ်သားသစ်များ ရရှိရေးအတွက် လူငယ်များကို မဲဖောက်၍ အတင်းအကျပ် စစ်ထဲသို့ ပို့ဆောင်ခဲ့သူဖြစ်ပြီး စစ်မှုမထမ်းသော မိသားစုများထံမှ ငွေကြေးများ အတင်းအဓမ္မ ခြိမ်း ခြောက်တောင်းခံခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article