27 C
Yangon

ဆားလင်းကြီးတွင် စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဆားလင်းကြီးတွင် စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(Salingyi) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅နာရီခန့်တွင် ဧရာဝတီမြစ်ကြောင်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၂ စီးကို ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်ပြောင်းတိုက်များ၊ လက်နက်ငယ်များဖြင့် ၂ နေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၆၀ မမ ၊ စက်လက် ၊ ပွိုင့်ဖိုက် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ ပစ်ခတ်သော စနိုက်ပါ ထိမှန်ပြီး စစ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ အတွက် လက်နက်ခဲယမ်းတွေ ထပ်မံ ဖြည့်တင်းနိုင်ဖို့ အတွက် ပြည်တွင်း၊ ပြည်ပ မှ တော်လှန်ထောက်ပို့ ပြည်သူများတွေအနေနဲ့ ကျည်တစ်တောင့်ဖိုးဖြစ်စေ တတ်နိုင်တဲ့ဘက်က ပါဝင်ဖြည့် တင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်” ဟု ချင်းတွင်းဒိုင်းနမိုက်(Salingyi) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်(Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) ၊ တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ Fighter Nine Forces (Salingyi) နှင့် BNRAတပ်ရင်း (၃) ၊တပ်ခွဲ (၃) Royal Brother (မျက်လုံးစစ်ကြောင်း) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီး။

Photo- CJ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article