27 C
Yangon

ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေ

Must read

ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေ

ရန်ကုန်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က ရပ်ကွက်နေပြည်သူများကို အစည်းအဝေး ခေါ်ယူ၍ စစ်မှုထမ်း ဥပဒေကို အကြောင်းပြကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ ရှိသည့် နေအိမ်များကို ၁ ဦးကို ငွေကျပ် ၅၀၀၀၀ နှုန်း ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်မှုထမ်းရမည့် အမျိုးသားများ မရှိသော နေအိမ်များသည် ထောက်ပံ့ကြေး ၁ လလျှင် ၃၀၀၀၀ ကျပ် ပေးဆောင်ရမည်ဟု ဆိုကာ ဇူလိုင်လမှ စတင်၍ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံကောက်ခံနေကြောင်း သိရှိရသည်။

အုပ်ချုပ်ရေး ဇော်ဇော်အောင်သည် စစ်တပ် အလိုကျ ဆင်းရဲနွမ်းပါးနေသည့် နေအိမ်များမှ အမျိုးသားများကို လစဉ်ထောက်ပံ့ကြေးပေးမည်ဟု စည်းရုံး၍ စစ်မှုထမ်းရန် လူသစ်စုဆောင်းပေးခြင်းများလည်း လုပ်ဆောင်ကြောင်း၊ ထို့ပြင် စစ်တပ်နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများကိုလည်း ဖွင့်လှစ်ထားသူဖြစ်ကြောင်း သိရသည်။

“အခုလက စကောက်နေတာ ဇွန်လ ၂၀ ရက်နေ့ တစ်အိမ် ၁ ဦး မတက်မနေရဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ တက်လာတဲ့ ပြည်သူတွေက မေးခွန်းထုတ်တော့ တိကျ ခိုင်မာတဲ့ အဖြေပြန်မပေးပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ ငွေပမာဏ မပေးရင် စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တယ်။ မိသားစုတစ်စုမှာ လူငယ် ၁ ဦးရှိရင် ၅ သောင်း ၂ ဦးရှိရင် ၁ သိန်းတောင်းတာပါ။ လူငယ်ရှိတဲ့ အရေအတွက်အလိုက် အတိအကျပေးရတာပါ။ လူငယ်မရှိတဲ့ အိမ်ဆိုရင် ၃ သောင်းပါ။ မပေးမနေရပါ။ မုဆိုးမ အားကိုးမရှိတဲ့ သူလည်း ၃ သောင်းပါပဲ။ တချို့ ဆင်းရဲသား အိမ်ဆိုရင် လူငယ်ကသာများနေတာ အလုပ်ကမရှိတော့ ၁ ဦး ၅ သောင်းဆိုတာ သူတို့အတွက် အတော်ခက်ခဲနေကြတာပါ။ တချို့စီးပွားရေး ပြေလည်တဲ့ အိမ်တချိူ့ဆိုရင် ငွေကို အလျှင် အမြန်ပေးသွင်းလိုက်တာကြောင့် ကျန်တဲ့အိမ်တွေက အရမ်းအကျပ်အတည်း ဖြစ်နေကြတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article