26 C
Yangon

စစ်အာဏာရှင်က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ပစ်သတ်ခဲ့သည့် July 7 အရေးအခင်းကို မမေ့ရေး 7.7.62 Don’t Forget လှုပ်ရှားမှု ပြုလုပ်

Must read

စစ်အာဏာရှင်က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ပစ်သတ်ခဲ့သည့် July 7 အရေးအခင်းကို မမေ့ရေး 7.7.62 Don’t Forget လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

စစ်အာဏာရှင် နေဝင်း ဦးဆောင်သော စစ်တပ်က ငြိမ်းချမ်း စွာ ဆန္ဒပြနေကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်း သားများကို ပစ်သတ်ခဲ့သည့် July 7 အရေးအခင်းကို မမေ့ရေး 7.7.62 Don’t Forget လှုပ်ရှားမှုကို ရန်ကုန်တွင် ပြုလုပ်ကြောင်း သိရှိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများစွာကို ပစ်သတ်ပြီး သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ရက်စက်စွာဖျက်ဆီး ခဲ့ကြသည့် အာဏာရှင်များ ၏ ရက်စက်မှုနှင့် သမိုင်းတို့ကို မမေ့ကြရန် ရန်ကုန်မြို့ လုံခြုံရေးကျပ်တည်းသည့် နေရာများတွင် AJAY ရဲဘော်များက ဓာတ်ပုံရိုက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

စစ်အာဏာရှင်တို့၏ ဆိုးဝါးရက်စက်မှုသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေသည်ကို သတိပြုမိရန်လိုအပ်ပြီး ထိုစနစ်ဆိုးကို အခွင့်ခါကြုံခိုက် အမိအရ အမြစ်ဖြတ်ရေး တတ်နိုင်သည့်ဘက်မှ အားစိုက်ပါဝင်ကြပါရန် AJAY ရဲဘော်များက တိုက်တွန်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article