30 C
Yangon

ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီ၏ သံချပ်ကာ ၁ စီးကို RPG ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်းများကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီ၏ သံချပ်ကာ ၁ စီးကို RPG ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်းများကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီ၏ သံချပ်ကာ ၁ စီးကို RPG ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ် သုံ့ပန်းများကိုလည်း လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း ရှမ်းမန်းစစ်ဆင်ရေး ဆောင်ရွက်နေသော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့နှင့် ဇူလိုင်လ ၇ ရက်နေ့တို့တွင် မန္တလေးနန်းတွင်းမှ စစ်ကူထွက်လာသည့် သံချပ်ကာကား ၂ စီးမှ တစီးကို RPG 7 ဖြင့် တော်လှန်ရေးတပ်များက ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ရာ သံချပ်ကာကား၏ ဘီးများပျက်စီးပြီး မောင်းမရတော့သဖြင့် ကျန်တစီးဖြင့်စွဲကာ နောက်ပြန်ဆုတ်သွားခဲ့ကြောင်း၊ အဆိုပါ သံချပ်ကာကားကို ဖျက်ဆီးနိုင်မှုမှာ ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ မတ္တရာမြို့နယ် တိုက်နယ်၂ ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ နှင့် ပူးပေါင်းအဖွဲ့ တို့၏ ရှမ်းမန်းစစ်ဆင်ရေးနယ်မြေအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင် ၆ ရက်နေ့နှင့် ဇူလိုင်လ ၇ ရက်နေ့တို့တွင် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က စစ်သုံ့ပန်းများနှင့် လက်နက်ငယ် ၉ လက် တို့ကို ဖမ်းဆီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်းနှင့် အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article