25 C
Yangon

ရေးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ရေးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကစယ့်သူးတပ်ရင်း_တောင်ညို တပ်ခွဲ ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၃၆ မိနစ်ခန့်တွင် ရေးမြို့နယ်၊ မော့ကနင်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၆ နှင့် ဝယ်ဖယ်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၇ ပူးပေါင်း ရန်သူစစ်ကြောင်းသည်၊ အမတ ၃၁၇ တွင် လူစုကာ ကား ၃ စီးဖြင့် ရွာသစ်ရွာကို ရောက်ရှိလာကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကွမ်ကြိုက်ရွာနှင့် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို စစ်ကြောင်းထိုး၍ ဝင်ရောက်လာစဉ် KNLA ၊ တပ်ရင်း ၂၇ ၊ KNLA+PDF (တောင်ညိုစစ်ကြောင်း) တပ်ခွဲ ၃ နှင့် MNSP(AD) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ပါဝင်ပြီး ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက် ပစ်ခတ်ခြင်းကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ကစယ့်သူးတပ်ရင်း_တောင်ညို တပ်ခွဲ ၃ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article