29 C
Yangon

လားရှိုးမြို့ပေါ် နှင့် ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၁၄ ဦး ဒဏ်ရာရ

Must read

လားရှိုးမြို့ပေါ် နှင့် ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၁၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

ဇူလိုင်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် ၉ ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် အမျိုသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကာ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ မင်းတံတားကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ထက်မနည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၄ ဦး သေဆုံးခဲ့ပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူပိုင် နေအိမ် ၉၀ ထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ ည ၈ နာရီ ၁၄ မိနစ်ခန့်တွင် မူးမြို့နယ်၊ နတ်သံကွင်းတွင်ရှိသော အကြမ်းဖက် စစ်တပ်က ပစ်ခတ် လိုက်သော ၈၁ မမ လက်နက်ကြီး ၁ လုံး ရေလဲကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေအိုးစင်တွင် ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေတွင်းဖြူကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စောကျော်စိုးနှင့် အသက် ၄၆ နှစ် အရွယ် မကြည်ဝင်း တို့ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ရွာမကြီး ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူများ၏ အသက်အိုးအိမ် စည်းစိမ်များ နေစဉ်နှင့် အမျှ ထိခိုက် ပျက်စီးဆုံးရှုံးနေရပြီး ကျေးရွာနေ ပြည်သူများသည် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင် နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article