မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၃
မော်လမြိုင်-ကြားအင်းဆိပ်ကြီး လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း Galon Column – ဂဠုန်စစ်ကြောင်း – P29908 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း အမှတ် ( ၂ ) စစ်ဒေသ ၊ စစ်ဒေသခွဲ ( ၃ ) ၊ ဂဠုန်စစ်ကြောင်း၊ကျားဖြူတပ်ခွဲ(၃) နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် ( MLA ) ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းပိုင်း စစ်ဆေးတာ စစ်ခွေးတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်ဆောင်တာတွေ မတွေ့ရှိခဲ့ပါဘူး။ အကုန်လုံး အေးအေးဆေးဆေးပါပဲ” ဟု Galon Column – ဂဠုန်စစ်ကြောင်း – P29908 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။