25 C
Yangon

သံတွဲမြို့နှင့် မောင်တောမြို့တွင် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့

Must read

သံတွဲမြို့နှင့် မောင်တောမြို့တွင် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့

ရန်ကုန်၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် မောင်တောမြို့တွင် အကြမ်းဖက် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော သံတွဲမြို့နှင့် မောင်တောမြို့များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခံစစ် ပြင်ဆင်နေပြီး မြို့တွင်းကို ဝင်ရောက်နိုင်သည့်နေရာများ၊ တံတားများနှင့် ၎င်းတို့ စခန်းချခဲ့သော နေရာများတွင် မိုင်းများ ထောင်ခဲ့ကြောင်း သိရ သည်။

ထို့ပြင် ရခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခ ဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွား လမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း အကြမ်းဖက် စစ်တပ်က စွန့်လွှတ်မိုင်းများချန်ခဲ့ရာ ၎င်း မိုင်းများကို နင်းမိပြီး အရပ်သားပြည်သူလူထုများမှာ နေ့တိုင်းနီးပါး အသက်သေဆုံးခြင်း၊ ကိုယ်လက် အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း သံတွဲမြို့၊ နံတော်တောင် တံတား(နန်းချောင်းတံတား)ကို ဖောက်ခွဲ ဖျက်ဆီးရန် တံတားပေါ်၌ မိုင်းထောင်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတ‌စ် လျှောက်နှင့် ၎င်းတို့ စခန်းချရာနေရာအနီးပတ်ဝန်းကျင်များတွင်လည်း စွန့်လွှတ်မိုင်းများစွာကို ထောင်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများ ကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ် ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင် ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် ရခိုင့်တပ်တော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article