25 C
Yangon

လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ

Must read

လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့ ရပ်ကွက် ၄ ရှိ အ.ထ.က ၅ ကျောင်းဝင်းအတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့​ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း လားရှိုးမြို့ ရပ်ကွက် ၂ နှင့်ရပ်ကွက် ၁၀ တို့တွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ​ရပ်ကွက်နေ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရပ်ကွက် ၁ တွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား နေအိမ် ၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်းသိရှိရသည်။

အလားတူ ကျောက်မဲမြို့အနီးရှိ မန်ခဲကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေး ၂ ဦး နှင့် အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲဖြစ်ပွားသည့် ၁၉ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်က အရပ်သား ပြည်သူများကို ဦးတည်ပြီး လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား ပြည်သူ ၆၁ ဦး သေဆုံးပြီး ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article