နမ့်စန်မြို့တွင် လက်နက်သယ်ယူရင်း စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံခဲ့ရသည့် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးမှာ ခွင့်ယူထားစဉ် စည်းကမ်း ဖောက်ဖျက်ခဲ့သူများဟု RCSS ရှင်းလင်း
ရန်ကုန်၊ ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် လက်နက်သယ်ယူရင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှု ခံခဲ့ရသည့် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးသည် ခွင့်ယူထားပြီး ၎င်း၏ မိတ်ဆွေအပေါင်းအသင်းများနှင့်ပူးပေါင်းကာ အဖွဲ့အစည်း၏ စည်း ကမ်းဖောက် ဖျက်ခဲ့ခြင်းဖြစ်ကြောင်း RCSS/SSA က ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နမ့်စန်မြို့နယ်တွင် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၄၃၇၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၄၅၀ ခု၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ က ထုတ်ပြန်ခဲ့သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA) သည် တရားမဝင် လက်နက်ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်းကို အဖွဲ့အစည်းအတွင်းတွင် တင်းကြပ်စွာ တားမြစ် ထားကြောင်း၊ တပ်ဖွဲ့ဝင်များအား တရားမဝင် လက်နက်ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်းတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိရေးအတွက်လည်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသည်ဟု ဆို သည်။
ယခု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးသည် ခွင့်ယူထားသည့် ကာလတွင် ၎င်းတို့၏ မိတ်ဆွေအပေါင်းအသင်းများနှင့် ပူးပေါင်း ၍ အဖွဲ့အစည်း၏ စဉ်းမျဉ်းစည်းကမ်းကို ချိုး ဖောက်ပြီး ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်နက်ခဲယမ်းမီးကျောက် ရောင်းဝယ်ခြင်းအား ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း RCSS/SSA က ထုတ်ပြန်ရှင်းလင်းထားသည်။


