25.8 C
Yangon

မြင်းမူမြို့ပေါ်မှ ထွက်လာသည့် စစ်တပ် ကင်းပုန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

မြင်းမူမြို့ပေါ်မှ ထွက်လာသည့် စစ်တပ် ကင်းပုန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Dog Killers People’s Defence Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့ပေါ်မှ အင်အားအပြည့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကင်းပုန်းဝပ်ရန် ခြေလျင်လာသည့် အင်အား ၂၀ ကျော်ပါ စစ်ကြောင်းကို ပထမ မိုင်းရှေ့အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိမ်စီးကားဖြင့် စစ်သားများကို ကောက်ယူပြီး မြင်းမူမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သိရှိရသည်။

ထို့နောက် မိနစ် ၃၀ အကြာတွင် ဒုတိယ အကြိမ် ထပ်လာသော အင်အားအများအပြားပါသော အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ကင်းပုန်းဝပ်နေနေသည့် နေရာကို ရောက်ရှိလာသောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဘက်က ဆုံးရှုံးမှုတွေတော့ရှိတယ်။ battery အိုးတွေ ဆုံးရှုံးတယ်။ အခက်အခဲတွေ အများကြီး ရှိပေမယ့် လည်း

ကျွန်တော်တို့ ရဲဘော်တွေ အစွမ်းကုန် ကြိုးစားပြီး ဆက်လက် တိုက်ခိုက်သွားမယ်” ဟု Dog Killers People’s Defence Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) နှင့် (U.S.A.R ) Peoples Defence Force M.M.U) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article