ပခုက္ကူမြို့ လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရော့ကတ်၊ ဒရုန်းများဖြင့် ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား
ရန်ကုန်၊ ဇူလိုင် ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရော့ကတ်၊ ဒရုန်းများဖြင့် ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ပခုက္ကူလေဆိပ်တွင် တပ်စွဲပြီး တဲအသစ်များ ဆောက်လုပ်ထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Rocket ၁၅ လုံး နှင့် Drone ဗုံးသီး ၂၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိနိုင်ပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆောက်လုပ်ထားသည် တဲများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက် နေ့တွင်လည်း ပခုက္ကူမြို့လေယာဉ်ကွင်းအတွင်း ဝင်ရောက်တပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း၊ Rocket လက်နက်ကြီးများဖြင့် အလုံးရေ ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ရာ စစ်သား၊ ပျူ ၅ ဦး သေဆုံးပြီး ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပျူစောထီးများနေထိုင်ရာ နေအိမ် ၁၀ လုံး ခန့် လည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“အဓိကတော့ ပျူမိသားတွေက ရေကြီးနေလို့ ဒီအထဲမှာလာပြီး ယာယီနေထိုင်တဲ့သဘောပဲ၊ထန်း လျက်တဲတွေဆောက်ပြီးနေကြတာပေါ့၊ အဲဒီမှာလုံခြုံရေးယူပေးနေတာက စစ်ခွေး ၂၀ လောက်ရှိ တယ်။ နေအိမ်တွေမီးလောင်သွားတာရှိပေမယ့် အတိအကျတော့မသိရဘူး။ ကျနော်တို့ ရှေ့တန်း တပ်ဖွဲ့ရဲဘော်တွေအတွက် လက်နက်၊ ရိက္ခာကမ်ပိန်းလေးတွေလုပ်နေပါတယ်။ အဲဒါကို ဝိုင်းဝန်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၆ တ-ပ်ရင်း၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ ၊ Cobra One၊ Tatt PKU၊ Thurain TR ၊ Shwe Nyar Myae၊ Young Force – UG နှင့် မဟာမိတ်တပ်ဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်မှု ၂ ကြိမ်မှာ စစ်ခွေးနဲ့ ပျူခွေး ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရတယ်။ အဲက စစ်ခွေးတွေနဲ့ ပျူခွေးတွေက ဟင်္သာပျူရွာနဲ့ ဆင်မရဲရွာက ကောင်တွေ ပခုက္ကူလေဆိပ်ထဲမှာ တဲအသစ်တွေ ဆောက်လုပ်ပြီး တပ်စွဲနေထိုင်နေတာ အပြစ်မဲ့ ပြည်သူများတွေကို သတ်ဖြတ်တာ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးယူဆောင်တာ အနီးပတ်ဝန်းကျင်တွေကို ရမ်းသမ်း ပစ်ခတ် နှောက်ယှက်တာတွေ အမြဲပြုလုပ်နေတဲ့ ကောင်တွေပါ” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
