36 C
Yangon

မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၆

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာ လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့တွင် မိုးမိတ်မြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၇၆ တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တောင်ကိုင်းရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA + PLA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၁၁ လက် ၊ 60 MM ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ၃ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြိုနယ် ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်တွင်လည်း ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်က နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ရေဝင်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က သဲခေါ်ရွာ အနီးရှိ PSLF/TNLA တပ်စခန်းကို ဒရုန်းဖြင့် ၂ ကြိမ်၊ လက်နက်ကြီးဖြင့် ၃ ကြိမ် တစ်ဖက်သတ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာကို ယမန်နေ့ ည ၈ နာရီ ၅၆ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် စုစုပေါင်း ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article