28 C
Yangon

မင်္ဂလာဒုံရှိ ဗဟိုတပ်ထိန်း လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးနိုင်၊ ရန်ကုန်တွင် စစ်မှုထမ်းဥပဒေကို အားပေးနေသော အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

Must read

မင်္ဂလာဒုံရှိ ဗဟိုတပ်ထိန်း လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးနိုင်၊ ရန်ကုန်တွင် စစ်မှုထမ်းဥပဒေကို အားပေးနေသော အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဗဟိုတပ်ထိန်းတပ်၏ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးနိုင်ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်၊ ရန်ကုန်တိုင်း ၊ မဂလာဒုံမြို့နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ ဗဟိုတပ်ထိန်းတပ်(ဝါယာလက်) ရှိလုံခြုံရေး ဂိတ်ကင်းကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဂိတ်စောင့်စစ်သားများ ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဒီမစ်ရှင်ကတော့ခွေးသေချာရအောင်အသီးနဲ့ပစ်ခဲ့တာခွေး၂ကောင်အနည်းဆုံးမတ်စိကိုက်နိုင်ပါတယ်” ဟု Yangon Army (YA) မှ တာဝန်ရှိသူက ပြောဆိုသည်။

ရန်ကုန်တွင် ပြည်သူအားစစ်မှုမထမ်းမနေရဥပဒေကို အားပေးအားမြောက်ပြုနေသောအုပ်ချုပ်ရေးမှူးများကို မကြာမီ ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က သတိပေးသည်။

ဓာတ်ပုံ- ရန်ကုန်တွင်ညပိုင်း အရပ်သားအမျိုးသမီးတစ်ဦးကို စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article