25 C
Yangon

ကျောက်မဲနှင့် မိုးကုတ် တို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ဆက်လက် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားကာ လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

ကျောက်မဲနှင့် မိုးကုတ် တို့တွင် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ဆက်လက် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားကာ လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ် ကျောက်မဲမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကူဖြည့်တင်းပြီး ဆက်လက် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားကာ လက်နက် ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

မိုးကုတ်မြိုနယ် (အရှေ့ပိုင်း)တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လပခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ရေကန်တောင်နှင့် ပန်းမထိပ်ရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင်လည်း လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦး အနီးရှိစခန်း နှင့် လက်နက်ခဲယမ်းအချိုတို့ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ကျောက်မဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များက တပ်ပြင်ပကို ထိုးစစ်ဆင် လာသောကြောင့် တပ်စခန်းအနီးတဝိုက်တွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ညနေ ၆ နာရီ ၂ မိနစ်ခန့်တွင် ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါးအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLA တပ်မဟာ ၂ နယ်မြေ ဘန့်ဘွေးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်က သဲခေါ်ရွာကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး၊ Jet Fihgter ဖြင့် ၆ ကြိမ် အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲမြို့နယ် ကျွဲကုန်းရွာ အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး ၄၈ လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article