27 C
Yangon

ထီးလင်းမြို့ရွှေထီးခန်းမတွင် တာဝန်ကျနေသော အင်ဂျင်နီယာတပ်သား တစ်ဦး လက်နက်ခဲယမ်း နှင့်အတူ အလင်းဝင်

Must read

ထီးလင်းမြို့ရွှေထီးခန်းမတွင် တာဝန်ကျနေသော အင်ဂျင်နီယာတပ်သား တစ်ဦး လက်နက်ခဲယမ်း နှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၉

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ရွှေထီးခန်းမတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်ကောင် စီတပ်မှ အင်ဂျင်နီယာတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Yaw National Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇူလိုင်လ ၇ ရက် နေ့က ထီးလင်းမြို့ ရွှေထီးခန်းမတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ ၏ အင်ဂျင်နီယာတပ်သား ကျော်မိုးဆွေသည် MA 1 တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ ကျည်ကာအင်္ကျီ Lv 1 ၊ Lv 2 နှစ်ခုနှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“လက်ရှိတော့ ကျနော်တို့ တပ်ရင်းမှာပဲ ကူညီစောင့်ရှောက်ထားပါတယ်၊ သူက မိုင်းဆရာလို့ သိရပါ တယ်။ တပ်ထဲမှာက စည်းလုံးမှုလည်းမရှိ နောက်ပြီး သူကလည်း တခြာဆီကနေ လာပေါင်းရတာလို့ ပြောတယ်။ ကျင်ဒွေးကနေ ပြန်လာတာတဲ့။” ဟု Yaw National Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် တပ်သား ကျော်မိုးဆွေအား အမှတ် ၁ စစ် ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း – သို့ Yaw National Revolution Force မှ ဆုငွေ ကျပ် သိန်း ၅၀ တိတိကို ယနေ့ ဇူလိုင်လ ၁၉ နေ့တွင် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article