25 C
Yangon

စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက စာသင်ကျောင်းနှင့်တက္ကသိုလ်များကို ထိခိုက်ပျက်စီးစေသည့် တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း ၁၃၃ ကျောင်းထက်မနည်းပျက်စီး

Must read

စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက စာသင်ကျောင်းနှင့်တက္ကသိုလ်များကို ထိခိုက်ပျက်စီးစေသည့် တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း ၁၃၃ ကျောင်းထက်မနည်းပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၀

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်များကို ထိခိုက်ပျက်စီးစေမည့် တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း Centre for Information Resilience (CIR)၏ Myanmar Witness က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များ ထိခိုက်ပျက်စီးစေသည့် တိုက်ခိုက်မှု ၁၇၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်နှင့် မီးလောင်ကျွမ်းမှုများကြောင့် ပညာရေးအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီလေတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် စာသင်ကျောင်းနှင့် တက္ကသိုလ်များကို အများဆုံး တိုက်ခိုက်ခဲ့ပြီး ပျက်စီးမှု အများဆုံးဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၁၃၃ ကျောင်းထက်မနည်းပျက်စီးခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၆ ဦးရှိကြောင်း သိရှိရသည်။

Myanmar Witness ၏ ပရောဂျက်ဒါရိုက်တာ Matt Lawrence က “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အရပ်သားတွေ ထောင်နဲ့ချီ သူတို့ရဲ့ အိုးအိမ်တွေကနေ အပြီးအပိုင်စွန့်ခွာရပြီး ဆိုးရွားတဲ့အကျိုးဆက်တွေ ရှိနေပါတယ်။ တိုက်ခိုက်မှုတွေရဲ့ အဲဒီလိုအကျိုးဆက်တွေကို ကြု့တွေရဲ့ ကျောင်းသူကျောင်းသား မျိုးဆက်များအတွက် သူတို့ရဲ့ ပညာရေး မျှော်လင့်ချက်ကို ဝေးကွာသွားစေပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုက ဖြစ်ပွားခဲ့တာတွေအားလုံးရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထင်ဟပ်နေတာဖြစ်ပြီး လက်တွေ့မှာ အပျက်အစီး အထိအခိုက်များနဲ့ ပညာရေးလေ့လာနိုင်ခွင့်ကို နှောင့်ယှက်မှုတွေက Open Source က ဖော်ပြနိုင်တာထက် ပိုမိုကျော်လွန်ပါတယ်” ဟု ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းများမှာ ထိခိုက်မှု အများဆုံးဖြစ်ပြီး နိုင်ငံတွင်း ဖြစ်ပွားမှုအားလုံး၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရှိရသည်။

စာသင်ကျောင်းများကို နိုင်ငံတကာသပဒေက အကာအကွယ်ပေးထားသော်လညး် လက်တွေ့တွင် အကာအကွယ်မရရှိကြောင်း ၊ ကျောင်းများ ပျက်စီးမှု ဆက်တိုက်တိုးလာကြောင်း၊ အစီရင်ခံစာက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article