25 C
Yangon

ကျိုက်မရော၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံး

Must read

ကျိုက်မရော၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာ လမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ကိုယ်ဝန်ဆောင်သည်နှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ လူစုလူဝေးဖြစ်နေသော ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေယာဥ်နဲ့ ဗုံးလာကျဲတဲ့ အချိန် ကျွန်တော်တို့ အဲ့အနားလေးမှာပဲရှိနေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကျဲတာ ထိခိုက်မှုက အတော်ကိုများပါတယ်။ ပြည်သူ ၁၆ ဦးလောက် သေသွားတယ်။ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ အမျိုးသမီး ၁ ဦး၊ သူရဲ့ ယောကျာ်း နဲ့ ကလေးငယ်တွေလည်း ပါတယ် သေဆုံးတဲ့ ထဲမှာ လွှစင်ကုန်းကျော်ပြီးမှ ကြုံငွယ် လမ်းဆုံရောက်တာ ဘုန်းကြီးကျောင်းက ကြုံငွယ်လမ်းဆုံ အကျော်လေးမှာပဲ အဲ့နေ့က ဂျက်ဖိုက်တာ ၂ စီးလုံးက ဝဲနေတာ အကြာကြီးပဲ ပြီးမှ ဗုံးကျဲချသွားတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်များသည် ဗုံးကျဲ တိုက် ခိုက်ခဲ့သော နေရာ အနီးတစ်ဝိုက်တွင် ထပ်မံ ပျံဝဲနေခြင်းကြောင့် လက်ရှိချိန်ထိ ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article