24 C
Yangon

နတ်မောက်မြို့နယ်၊ စိုင်ကောင်းရွာမှ ပေါ်တာဆွဲပြီး ပြန်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

Must read

နတ်မောက်မြို့နယ်၊ စိုင်ကောင်းရွာမှ ပေါ်တာဆွဲပြီး ပြန်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၁

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းရွာမှ ပေါ်တာဆွဲပြီး ပြန်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာဘက် ပြည်သူများကို ပေါ်တာဆွဲပြီး ပြန်လာသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို နတ်မောက်မြို့နယ် ကွင်းကြီးနှင့် ကမ်းပြိုအကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရဲဘော်တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက် သေဆုံးမှုတော့ စုံစမ်းနေတုန်းပါပဲ။ ပစ်ခတ်မှု ကြာမြင့်ချိန်ကတော့ ၁၀ မိနစ်လောက်ဖြစ်သွားတယ်” ဟု နတ်မောက်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပကဖ ၊ မြို့သစ် ပကဖ ၊ 903 တပ်ရင်း တပ်ခွဲ ၁ ၊ ဂဠုန် PDF နတ်မောက် ၊ ကျားသစ်နက်တပ်ရင်း ၊ 902 တပ်ရင်း ၊ BO.1 နှင့် ကြိုးကြာနီတပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article