ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဦးကွီးလိန်း လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့်အတူ အလင်းဝင်
ရန်ကုန်၊ ဇူလိုင် ၂၂
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဦးကွီးလိန်း လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့်အတူ အလင်းဝင်လာကြောင်း CDF-Kanpetletက သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၈ ရက်နေ့ ကန်ပက်လက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင် နေသော ရဲဒုတပ်ကြပ်ဦးကွီးလိန်းသည် BA. 63 ၁ လက် ၊ ကျည် ၃၀ တောင့် ၊ ကျည်ဘောက် ၂ ခု နှင့် ဆက်သွယ်ရေးစက် ၁ လုံး တို့နှင့်အတူ CDF-Kanpetletထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် CDF-Kanpetlet ထံသို့ ယုံကြည်စွာ ဆက်သွယ် အလင်းဝင်နိုင်ကြောင်း Chin Defense Force-Kanpetlet က ဖိတ်ခေါ်ထားသည်။