26 C
Yangon

မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မလေးရှားဒုဝန်ကြီးဟောင်း အပါအဝင် မလေးစီးပွားရေးသမားများ ပါဝင်ဆက်နွယ်ပတ်သက်နေ

Must read

မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မလေးရှားဒုဝန်ကြီးဟောင်း အပါအဝင် မလေးစီးပွားရေးသမားများ ပါဝင်ဆက်နွယ်ပတ်သက်နေ

ရန်ကုန် | ဇူလိုင် ၂၂

မလေးရှားနိုင်ငံက ဒု၀န်ကြီးဟောင်း Mashitah Ibrahimနဲ့ ခင်ပွန်းဖြစ်သူ Abdul Shakor bin Abu Bakarတို့ဟာ မြန်မာနိုင်ငံက ဆိုက်ဘာငွေလိမ်လုပ်ငန်းတခုဖြစ်တဲ့ Dongmei Park မှာ စီးပွားရေးအရ ပါဝင်ပက်သက်နေကြတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Justice For Myanmarက ထုတ်ဖော်ပြောဆိုလာပါတယ်။

မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်းနဲ့အတူ သွားကျိုးလို့ လူသိများတဲ့ 14K ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟောင်း Wan Kuok-koiကလည်း ဒီဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ စီးပွားရေး မိတ်ဖက်တွေအဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်း Dongmei Park ကို မလေးရှား ဒုဝန်ကြီးဟောင်းနဲ့ ခင်ပွန်းဖြစ်သူတို့က တခြားမလေးရှားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ တည်ထောင်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ 14K ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟောင်း Wan Kuok-koi လည်း ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှားဒုဝန်ကြီးဟောင်းရဲ့ ခင်ပွန်းဖြစ်သူ Abdul Shakor က ဒါရိုက်တာအဖြစ် ပါဝင်တဲ့ Dongmei Group ဟာ ဟောင်ကောင်မှာ ကုမ္ပဏီမှတ်ပုံတင်ထားပြီး မလေးရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်လုပ် ကိုင်နေကာ မြန်မာနိုင်ငံမှ ဆိုက်ဘာငွေလိမ်ခြံလုပ်ငန်းကြီးအတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေဆီက ဘဏ္ဍာငွေတွေ ရှာဖွေပေးခဲ့တယ်လို့ JFMက ထောက်ပြပါတယ်။

Dongmei Groupကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒါဏ်ခတ်ပိတ်ဆို့အရေးယူမှု ချမှတ်ထားတယ်လို့လည်း သိရပါတယ်။

Abdul Shakor တို့ မိသားစုနဲ့ မြန်မာသူဌေးကြီးတွေအကြား ခရစ်တိုငွေကြေးပေးချေမှုတွေမှာ ဆက်နွယ်မှုတွေရှိခဲ့ကြပြီး Mashitah Ibrahim နဲ့ Abudl Shakor တို့ရဲ့ သားဖြစ်သူ Muhammad Wafiဟာ ခရစ်တိုငွေကြေးလုပ်ငန်း Meta X DAOရဲ့ မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလုပ်ငန်းရဲ့ အစောပိုင်းရင်းနှီးမြှုပ်နှံသူများထဲက တစ်ဦးဖြစ်တဲ့Dato Sri Liong Kee Huat ဟာ Dongmei Park တည်ထောင်ရာမှာလည်း ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ပြီး သူလည်း Meta X DAOရဲ့ မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့ Justice For Myanmarက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်Mashitah Ibrahim နဲ့ Abudl Shakor တို့ရဲ့ သားဖြစ်သူ Muhammad Wafiလည်း မြဝတီခရီးစဉ်အတွင်း မြန်မာသူဌေးကြီးတွေနဲ့ တွေ့ဆုံခဲ့သေးတယ်လို့ Justice For Myanmarက ဆိုပါတယ်။

ဓါတ်ပုံ – မလေးရှားဒုဝန်ကြီးဟောင်း Mashitah Ibrahim နဲ့ Abdul Shakor တို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article