25 C
Yangon

ဘူဆန်မှ ဆိုးလ်မြို့အထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြ ၁၆ ရက်မြောက်နေ့အဖြစ် ဆူဝန်ယော့သို့ ရောက်ရှိ

Must read

ဘူဆန်မှ ဆိုးလ်မြို့အထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြ ၁၆ ရက်မြောက်နေ့အဖြစ် ဆူဝန်ယော့သို့ ရောက်ရှိ

ရန်ကုန်၊ဇူလိုင် ၂၂

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ ဆိုးလ်းမြို့စစ်သံရုံးရှေ့အထိ ၂၁ ရက်ကြာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်လမ်းလျှောက်ချီတက်ဆန္ဒပြခရီးစဥ် ၁၆ ရက်မြောက်နေ့အဖြစ်ဖျောင်းထက်ယော့မှ စတင်ထွက်ခွာကာ ဆူဝန်ယော့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ပြည်သူ့ လွှတ်တော်ရုံး သတင်းစာရှင်းလင်းပွဲ ခန်းမဆောင်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုဒ္ဓဘာသာ သံဃာများကို မတရား လုပ်ဆောင်နေမှုများ ရပ်တန့်က ရပ်စဲရေး၊ မြန်မာ့ ဒီမိုကရေစီ အမြန်ဆုံး ရရှိရေးတို့အတွက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၂ရက် တနင်္လာနေ့ နံနက် ၁၀နာရီအချိန်တွင် ယီယုန်းစွန်လွှတ်တော်အမတ်၊ ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ အခွင့်အရေး ကော်မတီ၊ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ ၊ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒဲဂူး ဘုန်းဘုန်းနှင့် MFDMC ပြည်ပထောက်ပို့အဖွဲ့ဥက္ကဋ္ဌ ဇော်မိုးအောင်တို့တက်ရောက်ကာ ကိုရီးယားမြန်မာပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article