25 C
Yangon

ရေတာရှည်မြို့နယ်၊ ဆံတော်ပို့ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက် ကောက်ယူထားသော ငွေကြေးများကို ပကဖ အဖွဲ့က ပြည်သူများထံ ပြန်လည် ပေးအပ်

Must read

ရေတာရှည်မြို့နယ်၊ ဆံတော်ပို့ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက် ကောက်ယူထားသော ငွေကြေးများကို ပကဖ အဖွဲ့က ပြည်သူများထံ ပြန်လည် ပေးအပ်

ရန်ကုန်၊ ဇူလိုင် ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း ဆံတော်ပို့ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက်ကောက်ခံထားသည့် ငွေကြေးများကို ရေတာရှည် ပကဖ အဖွဲ့က သွားရောက်တောင်းယူ၍ ပြည်သူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ကျေးရွာ တစ်အုပ်စုလျှင် ပြည်သူ့စစ် ၂ ဦး ပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျေးရွာတစ်အုပ်စုကို ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု ဒေသ ပြည်သူများကို ခြိမ်း ခြောက် တောင်းခံခဲ့ခြင်းကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်သူများက ကျေးရွာ ပကဖများကို တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေတာရှည် ပကဖ အဖွဲ့က ပြည်သူများထံမှ ကောက်ခံထားသည့် ငွေကြေးများကို အုပ်ချုပ်ရေးမှူးများထံ သွားရောက်တောင်းယူပြီး ဒေသပြည်သူများဆီ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article