27 C
Yangon

စစ်ကောင်စီ၏ ဝန်ထမ်းနှင့်အငြိမ်းစားများအားလုံးကို လစာတိုးမြှင့်ပေးသည့် သတင်းကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေစျေး ၆၂ သိန်းကျော်သို့ ရောက်ရှိ

Must read

စစ်ကောင်စီ၏ ဝန်ထမ်းနှင့်အငြိမ်းစားများအားလုံးကို လစာတိုးမြှင့်ပေးသည့် သတင်းကြောင့် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေစျေး ၆၂ သိန်းကျော်သို့ ရောက်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းနှင့် အငြိမ်းစားများအားလုံးကို လာမည့်ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ထောက်ပံ့ကြေး လစာတိုးမြှင့်ပေးမည်ဖြစ် ကြောင်း ယမန်နေ့တွင် ကြေညာလိုက်ရာ အဆိုပါ သတင်းကြောင့် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၅၁၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင်ငွေကျပ် ၆၂ သိန်းဝန်းကျင်သို့ ရောက်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက ယမန်နေ့ည ထိုသို့ ကြေညာပြီးနောက်ပိုင်း စျေးကွက်တွင် လှုပ်ခတ်မှုများဖြစ်လာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးများ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရွက်က ပေါက်စျေးက တစ်ဒေါ်လာ ၅၀၀၀ ။ တကယ်အဝယ်ဆိုရင်တော့ တစ် ဒေါ်လာ ၅၁၀၀ လောက်ပေးရမယ်။ အဝယ်တွေ အရမ်းတက်နေတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။

အလားတူ ရွှေစျေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၆၂ သိန်းကျော်တွင် စျေးပေါက်နေကြောင်း၊ စျေးကွက်တွင် အဝယ်များပြားနေကြောင်း ၊ ကမ္ဘာ့ရွှေစျေးမှာ ကျဆင်းနေသော်လည်း မြန်မာ့ရွှေစျေးမှာ လစာတိုးသည့်ဂယက်ကြောင့် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article