32 C
Yangon

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ ရဲကင်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁၂ လက် သိမ်းဆည်းရရှိ

Must read

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ ရဲကင်းကို တိုက်ခိုက်သိမ်းပိုက်မှု သေနတ် ၁၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ ရဲကင်းကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲကင်းကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃) အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ် ၂၈ ခုနှင့် ကျည်မျိုးစုံ ၁၀၀၀ ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article