စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီးစခန်းကို သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် အရှင် ဖမ်းမိကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၃၀
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး ၅၀ ကျော် အရှင်ဖမ်းမိကာ လက်နက် ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလှိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစောထီး စစ်ကောင် စီတပ်စခန်းကို စတင်၍ တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီအချိန်ခန့်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းသိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစော ထီး ၅၀ ကျော် သေဆုံးကာ စစ်သားနှင့် ပျူစောထီး မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိခဲ့ပြီး စဉ့်ကူးမြို့ နယ် ပကဖကို လွှဲပြောင်းအပ်နှံပေးထားကြောင်း သိရသည်။
“အရှင်ဖမ်းမိတယ်ဆိုတာက သူတို့ရဲ့မိသားစုဝင်တွေ သူတို့ကိုတော့ စဉ့်ကူးပကဖကို လွှဲပေးထား တယ်။ ဝင်မတိုက်ခင်ကတည်းက လက်နက်ချဖို့ပြောတယ်။ လက်နက်မချရင် ဝင်တိုက်မယ်ဆိုတဲ့ အကြောင်း ကြိုတင်အကြောင်းကြားခဲ့တယ်။ အဲဒီအချိန်မှာ လာလို့ရှိရင် တိုက်မယ်ဆိုတဲ့ အကြောင်း သူတို့က ပြန်ပြောတာ အဲဒါကြောင့် ၂၅ ရက်နေ့မှာ ကျနော်တို့က ဝင်တိုက်တယ်။ ဝင်တိုက်တဲ့ အချိန် မှာ တော်တော်လေးကို ခုခံမှုအားကောင်းတယ် လူကလည်းများ ကျည်ထောက်ပို့ကလည်း သံဖလက်ခွံ ၅ စီးနဲ့ လာထားတာမကြာသေးဘူးဆိုတော့ အခါတိုင်းလိုရမယ်ထင်ပြီး ခုခံခဲ့တာထင် တယ်။ ကျနော်တို့ ဝင်တိုက်တာ ၂ ခါရှိပြီ မအောင်မြင်ခဲ့ဘူး။ အခု ၃ ကြိမ်မြောက်မှ အောင်မြင်ခဲ့တာ။ သူက ရေလယ်ခေါင်မှာဆိုတော့ သွားရလာရတာခက်တယ်၊ ဖောင်ဖျက်ပြီးတိုက်ခဲ့ရတာ” ဟု ပြည်သူ့အစေ ခံတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။
သိမ်းပိုက်ရရှိခဲ့သော ရွာသာယာစစ်ကောင်စီတပ်စခန်းသည် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းနား ဘေးရှိ ကျေးရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများကို ခိုးယူခြင်း၊ပြည်သူလူထုအား သတ်ဖြတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် စခန်းတစ်ခုဖြစ်ကြောင်း၊ ယင်းစခန်းသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သိမ်းဆည်းရရှိတဲ့ လက်နက်က ၅၀ တော့မကျော်ဘူး။ ပျောက်နေတဲ့ လက်နက်တွေရှိတယ်၊ ရေ လည်း တက်နေတာဆိုတော့၊ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ၃၀ ကျော်မျက်မြင် အလောင်းတွေ့တယ်၊ ကျနော်တို့နယ်မြေရှင်းလင်းရေးမလုပ်ခင်မှာ ဒေသခံပကဖတွေက ဝင်ရှင်း သွား တာလည်းရှိတော့ ခန့်မှန်း ၅၀ ကျော်လို့ ထုတ်ပြန်လိုက်တာ၊ သူက ဧရာဝတီမြစ်လယ်ခေါင်မှာရှိ တာဆိုတော့ မြစ်ထဲမျောသွားတာတွေလည်းရှိတယ်။” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်မီ ရွာသာယာပျူစောထီးစခန်းမှ အလင်းဝင်ရောက်ခဲ့သည့် CDM စစ်သား တစ်ဦး ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦးထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၎င်းပြောပြ ချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးနှင့် ရွာသာယာရွာရှိ အမျိုးသားအားလုံးကို အ ကြမ်းဖက်စစ်တပ်က ကာဘိုင်လက်နက်များ ထုတ်ပေးထားကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ရွှေဘိုခရိုင် အမှတ် (၁) ၊ တပ်ရင်း (၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန္တလေး ခရိုင် တပ်ရင်း (၆) ၊ ဝက်လက်မြို့နယ် ပကဖ နှင့် စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
ရွာသာယာပျူစောထီးစခန်းသိမ်းပိုက်မှုမှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို လိုအပ်သည့် ဆေးဝါး ကုသမှုများပေးထားပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ပေးထားကြောင်း သိရသည်။