မတ္တရာမြို့နယ်၊ အောင်ချမ်းသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁
မန္တလေတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြိုနယ်၊ အောင်ချမ်းသာကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေသော နေရာများနှင့် အလှမ်းဝေးကွာသည့် ကျေးရွာတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် စစ်ရေး ပစ်မှတ်မဟုတ်သော အရပ်သား ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDF က ပြောဆိုသည်။