30 C
Yangon

စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံ၊ လက်နက် ၇၃ လက် သိမ်းဆည်းရရှိ

Must read

စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံ၊ လက်နက် ၇၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံကာ လက်နက် ၇၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စဉ့်းကူမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်သားနှင့် ရဲ ၂၉ ဦး အရှင်ဖမ်းမိပြီး ရေတော်နှင့် ထုံးကြီး ရွာ တဝိုက်ရမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ၁၀၀ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

လက်နက်ချ အညံ့ခံခဲ့သော ပျူစောထီးများထံမှ MA1 သေနတ် ၁၁ လက်၊ M22 သေနတ် ၁ လက်၊ ပါရီ သေနတ် ၁ လက် ၊ ကာဘိုင် သေ နတ် ၂၈ လက် ၊ လက်လုပ်သေနတ် ၃၂ လက်၊ ခဲယမ်း မီးကျောက်များ ၊ ကျည်ဆံများ နှင့် စစ်ဝတ် ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပျူတော်တော်များများက အလင်းဝင်တာပါ။ အရေအတွက်က ၁၀၀ လောက်ရှိပါတယ်။ စစ်သား၊ ရဲ စုစုပေါင်းက ၂၉ ဦး ဖမ်းမိတယ်” ဟု မိုးကုတ်ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article